Wednesday, July 1, 2009

ဇင်းကျိုက် ကန်တော်ကြီး

ဇင်းကျိုက်မြို့လယ် ကန်တော်ကြီး

အ.ထ.က ဇင်းကျိုက်ရဲ့ မျက်နှာမူရာ အရှေ့တည့်တည့် တွင် မြို့ ကျက်သရေဆောင် ကန်တော်ကြီးသည် လည်း ခရီးသွားဧည်သည်များအတွက် အံမခန်းအောင်ပင် ရန်ကုန်မော်လမြိုင် မော်တော်ကားလမ်းဘေးတွင် ၀င့် ထည်စွာပင်..


ကျွန်နော်တို့ ပညာရည်သောက်စို့ရာ အ.ထ.က ဇင်းကျိုက်ကျောင်းတော်ကြီး


အ.ထ.က. ဇင်းကျိုက်


ကျွန်နော်တို့ တတွေအားလုံးကို အခြေခံပညာကို ထိန်ချန် ခြင်းမရှိသင်ကြားပေးခဲ့တဲ့၊ အ.ထ.က ဇင်းကျိုက်...

ဇင်းကျိုက်သားတို့ရဲ့ ရင်ထဲမှာ ဘယ်လိုမှ မေ့လို့မရတဲ့ အမှတ်တရတွေ အများကြီး ဖြစ်အောင် ဖန်တီးပေးခဲ့တဲ့ ကျောင်းတော်ကြီး........




ဇင်းကျိက် ရေတံခွန်..

ဇင်းကျိုက်ရေတံခွန်

ကျွန်နော်တို့ ဇင်းကျိုက်ရဲ့ အထင်ကရ ရေတံခွန်ပါ။ အနယ်နယ်အရပ်ရပ်မှချစ်သူစုံတွဲများ၊ မော်လမြိုင်၊ ဘာအံ စတဲ့ တက္ကသိုလ်များမှ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၊ အနယ်နယ်အရပ်ရပ်မှ ခရီးသွားများ အပန်းဖြေ ရေကစားရာ နေရာအဖြစ်ဒေသအတွင်း
လှပခန့်ညားစွာ..............

Monday, June 29, 2009

ဇင်းကျိုက်အားမာန် စင်္ကာပူ

ဇင်းကျိုက်သွေးသား၊ ပေါင်းစည်းအားဖြင့်၊

တိုးတက်ကြံဆောင်၊ အောင်ရမည် ........

အသင်း၏လုပ်ငန်း၏ လုပ်ငန်းစီမံချက် နှင့် စည်းမျဉ်းများ

နိဒါန်း

ဇင်းကျိုက်မြို့မှ စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသူများ၏ လူမှုရေးအခက်အခဲများကို ကူ ညီဖြေရှင်းပေးနိုင်ရန်နှင့် ဇင်းကျိုက်မြို့အားခေတ်မှီမြို့အဖြစ်တည်ဆောက်ရေးလုပ်ငန်းများတွင် စနစ် တကျပါ ၀င်ကူညီနိုင်ရန် ဤအသင်းကို ဖွဲ့စည်း၍ လုပ်ငန်းစီမံချက်များ၊ စည်းမျဉ်းများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါ သည်။

ရည်ရွယ်ချက်

(က) ဇင်းကျိုက်မြို့မှ စင်္ကာပူနိုင်ငံရောက်အလုပ်သမားများ၏ လူမှုရေးအခက်အခဲများကို၊ လုပ်ငန်းခွင်ပြဿနာ များကို ကူညီဖြေရှင်းပေးနိုင်ရန်၊

(ခ) ဇင်းကျိုက်မြို့အား ခေတ်မှီမြို့အဖြစ် တည်ဆောက်ရေးလုပ်ငန်းများတွင် တတက်တအား ပါဝင်ကူညီရန် (ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ အသင်းအဖွဲ့များနှင့် ဆက်သွယ်၍ အကူအညီပေးရန်)

(ဂ) ဇင်းကျိုက်မြို့မှ လူငယ်များ ပြည်ပအလုပ်အကိုင်ရရှိရေးလုပ်ငန်းများနှင့်၊ ဇင်းကျိုက်မြို့မှ စင်္ကာပူတွင် လာရောက် ပညာသင်ကြားနေသော ကျောင်းသား/သူ များအား ထောက်ပံ့ကူညီရန်၊

အသင်း၏အမည်

အသင်း၏အမည်ကို ဇင်းကျိုက်အားမာန်ဟုခေါ်ဆိုရန်ဖြစ်ပါသည်။

အသင်းဖွဲ့စည်းသည့်နေ့

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်သည်။

အသင်း၏တည်နေရာ

1000 A , Upper Serangoon Road

အသင်းဖွဲ့စည်းပုံ

အသင်း၏ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နာယက (၇) ဦး <=====> အလုပ်မှုဆောင် (၁၇) ဦး <======> အသင်းဝင်များ

အလုပ်အမှုဆောင်များ၏သက်တမ်း

အလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းကို (၁) နှစ် သက်မှတ်ပါသည်။ အသင်း၏ နှစ်ပတ်လည်စုံညီအစည်းအဝေး ကျင်းပသည့်အခါ အလုပ်အမှုဆောင်အဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းအတည်ပြုရန်နှင့် လစ်လပ်သွားသော အလုပ်အမှုဆောင်နေရာအစား နီးစပ်ရာ အလုပ်အမှုဆောင်မှ တာဝန်ယူရန်ဖြစ်ပါသည်။

အစည်းအဝေးကျင်းပခြင်း

(က) အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးကို (၁)လ လျှင်တစ်ကြိမ်ပုံမှန်ကျင်းပမည်ဖြစ်သည်။ ထူးခြားသည့် အကြောင်းကိစ္စ ရပ်ပေါ်ပေါက်လာပါက အလုပ်အမှုဆောင်အဖွဲ့အနေဖြင့် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်း ပရမည်။
(ခ) အလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးများ (လပတ်/အရေးပေါ်) တွင် အလုပ်အမှုဆောင်ဦးရေ၏ (၇၅%)တက်ရောက်မှသာ အစည်းအဝေးအထမြောက်သည်။
(ဂ) နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးကို တစ်နှစ်လျှင်တစ်ကြိမ်မပျက်မကွက်ကျင်းပရမည်။ ထိုအစည်း အဝေးတွင်အသင်းသားဦးရေ၏ ထက်ဝက်ကျော်ထက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။
(ဃ)တစ်နှစ်တစ်ကြိမ်နှစ်ပတ်လည်စုံညီအစည်းအဝေးကို အသင်းသားများအားလုံး တက်ရောက်နိုင်မည့် အခြေ အနေပေါ်မူတည်၍ နှစ်ပတ်လည်အစည်းအဝေကို စင်္ကာပူနိုင်ငံ၏ရုံးပိတ်ရက် တရုတ်နှစ်သစ်ကူးရက် တစ်ရက် တွင် ကျင်းပသွားမည်။
(င) အလုပ်အမှုဆောင်အဖွဲ့သည် ကြုံတွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရာများပေါ်မူတည်၍ နာယကများထံ တင်ပြပြီး လမ်းညွှန်မှုခံယူခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်ရမည်။

အသင်း၏ရန်ပုံငွေရရှိရေးနှင့် ဘဏ္ဍာရေးစည်းမျဉ်း

(က) အသင်းဝင်များ၏ ပုံမှန်လစဉ်အသင်းဝင်းကြေးကို စင်္ကာပူဒေါ်လာ(၁၀) ထည့်ဝင်ခြင်းဖြင့် ရန်ပုံငွေထူထောင်ရန်၊
(ခ) အသင်း၏လုပ်ငန်းအပေါ် နားလည်သဘောပေါက်သောအသင်းဝင်များ၊ စေတနာရှင်များ၏ လှူဒါန်းငွေဖြင့် ရန်ပုံငွေထူထောင်ရန်၊
(ဂ) အသင်း၏၀င်ငွေမှန်သမျှကို၊ ဘဏ္ဍာရေးမှူး၏လက်ဝယ်တွင်သာအပ်နှံထားရှိရန်၊
(ဃ) အသင်း၏ရန်ပုံငွေကို ဘဏ္ဍာရေးမှူး၏အမည်ဖြင့် ဘဏ်စာရင်းဖွင့်ရန်၊ ဘဏ်ကဒ်နှင့် ဘဏ်စာအုပ်ကို ဥက္ကဌ (သို့) အတွင်းရေးမှူးထံတွင်အပ်နှံထားရှိရန် နှင့် ငွေထုတ်ယူရန်အကြောင်းကိစပေါ်ပေါက်လာပါက ဥက္ကဌ (သို့) အတွင်းရေးမှူးတို့၏ခွင့် ပြုချက်ဖြင့်သာထုတ်ယူရန်၊
(င) လုပ်ငန်းဆိုင်ရာအသုံးစရိတ်များအတွက် လိုအပ်သည့်ငွေကိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေးဆုံး ဖြတ်ချက်ဖြင့် လုပ်ငန်းကို ဦးဆောင်တာဝန်ယူမည့်သူအား ဘဏ္ဍာရေးမှူးမှ ထုတ်ပေးရမည်၊
(စ) ရှောင်တခင်ပေါ်ပေါက်လာသည့် ကိစ္စ များအတွက် ငွေလိုလျှင်ဥက္ကဌမှ စာဖြင့်ရေးသားခွင့်ပြုချက်အရ ဘဏ္ဍာရေးမှူးထံမှ ထုတ်ယူရန်၊ ထိုကိစ္စ ကို အနီးကပ်ဆုံး အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး၌အတည်ပြု ချက်ရယူရမည်၊
(ဆ) လုပ်ငန်းကိစ္စ ရပ်များအတွက် တာဝန်ခံဆောင်ရွက်သူတို့သည် မိမိအားထုတ်ပေးထားသည့်ငွေအတွက် လုပ်ငန်းပြီးစီးသည့်နေ့မှ (၇)ရက်အတွင်းသုံးစွဲကုန်ကျငွေစာရင်းရှင်းတမ်းကို အထောက်အထား၊ပြေစာ၊စာရွက် စာတမ်းများနှင့် လက်ကျန်ငွေများ(ရှိခဲ့လျှင်) နှင့်အတူ ဘဏ္ဍာရေးမှူးထံ(မပျက်မကွက်) ပေးအပ်ရမည်၊
(ဇ) အသင်း၏၀င်ငွေ ထွက်ငွေစာရင်းနှင့် လချုပ် ရ-သုံး ငွေစာရင်းရှင်းတမ်းတို့ကို စနစ်တကျရေးဆွဲထားရမည်၊ ထိုလုပ်ငန်းကို ဘဏ္ဍာရေးမှူးများက တာဝန်ယူဆောင်ရွက်ရမည်။ ထိုစာရင်းရှင်းတမ်းများကို စားရင်းစစ်များက လစဉ်မပျက်မကွက် စစ်ဆေး၍အလုပ်အမှုဆောင်အဖွဲ့၏ လပတ်အစည်းအဝေး၌တင်ပြကာ အဆုံးအဖြတ်ရယူ ရမည်၊
(ဈ) အသင်း၏ နေ့စဉ်သာမာန်အသုံးစရိတ်များ ကျခံသုံးစွဲရေးတွင်အခက်အခဲမရှိစေရန်အတွက်၊ အတွင်းရေးမှူး ၏လက်ဝယ်တွင် ဆောင်ငွေထားရှိရန်ကိစ္စ ကို အမှုဆောင်အဖွဲ့အစည်းအဝေးတွင်သတ်မှတ်ဆုံးဖြတ်ပေးရမည်၊
(ည) အသင်း၏အလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံးနှင့် အသင်း၏လုပ်ငန်းအားတာဝန်ယူဆောင်ရွက်ပေးကြသူ တိုင်းသည် အသင်းပိုင်ရန်ပုံငွေများ ဖြုန်းတီးဆုံးရှုံးမှုမရှိအောင် အထူးသတိပြုထိန်းသိမ်းစောင့်ရှောက်ကြရမည်။ သုံးစွဲကုန်ကျငွေနှင့်ဆီလျော်ထိုက်တန်သော လုပ်ငန်းအကျိုးဖြစ်ထွန်းမှုရှိအောင်လည်း စေတနာထားရှိလုပ် ဆောင်ကြရမည်၊
(ဋ) လပတ်အစည်းအဝေးတိုင်း ဘဏ်စာအုပ်ကို ယူဆောင်လာရမည်၊

အသင်း၏လုပ်ငန်းများ

(က) နာရေးကဏ္ဍ
အသင်းသားတစ်ဦးအကြောင်းအတစ်ခုခုကြောင့် သေဆုံးသွားပါက
- အသုဘမြေကျရေးကိစ္စ အ၀၀ကို သက်ဆိုင်ရာ company နှင့်ညှိနှိုင်းဆောင်ရွက်ရန်၊
- အသုဘဆွမ်းကိစ္စ တာဝန်ယူဆောင်ရွက်ရန်၊
- အသင်းမှ စင်္ကာပူဒေါ်လာ(၂၀၀၀)ကို ဂရုဏာကြေးအဖြစ်မိသားစုသို့ထောက်ပံ့ရန်၊
- ဇင်းကျိုက်မြို့သားများထံမှ ဂရုဏာအကူငွေရရှိရေးကိုလည်း ကူညီဆောင်ရွက်ရန်၊
- လျော်ကြေးရသင့်ပါက လျော်ကြေးငွေရရှိရေးကိစ္စအ၀၀ကို အသင်းမှတာဝန်ယူဆောင်ရွက်ရန်၊
(ခ) ထိခိုက်ဒဏ်ရာရခြင်း
ပြင်းထန်စွာထိခိုက်ဒဏ်ရာရခြင်းကြောင့်၎င်း၊ ရောဂါတစ်မျိုးမျိုးကြောင့်၎င်း၊ စင်္ကာပူနိုင်ငံ၌လုံးဝအလုပ်လုပ် ၍မရတော့မရတော့ခြင်း၊ သို့မဟုတ် ရာသက်ပန်အလုပ်မလုပ်နိုင်သောထိခိုက်မှုမျိုးအတွက် အသင်းမှ သင့် လျှော်သောဂရုဏာကြေးကို အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ဆုံးဖြတ်ချက်ဖြင့် သက်မှတ်ပေးရန်ဖြစ်သည်၊
(ဂ) ဇင်းကျိုက်မြို့၏ ကဏ္ဍပေါင်းစုံခေတ်မှီရေး တည်ဆောက်မှုလုပ်ငန်းများတွင်ပါဝင်ကူညီခြင်း
- ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဇင်းကျိုက်မြို့နယ်နမိတ်အတွင်မှ လုပ်ငန်းများကိုသာ ဆောင်ရွက်သွားမည်ဖြစ် ပါသည်၊
- ၄င်းလုပ်ငန်းများအတွက် ဇင်းကျိုက်မြို့တစ်မြို့လုံးနှင့်သက်ဆိုင်သောလုပ်ငန်းများကိုသာ အလုပ်အမှုဆောင် အဖွဲ့၏ဆုံးဖြတ်ချက်နှင့်အညီ အကူအညီပေးဆောင်ရွက်သွားမည်ဖြစ်သည်၊
- ဇင်းကျိုက်မြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရန်ပုံငွေရရှိရေးလုပ်ငန်းကို အသင်းမှ ဦးဆောင်၍ကူညီ ဆောင် ရွက်သွားမည်ဖြစ်သည်။

ချွင်းချက်။ ။ ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ်နှင့် ရန်ကုန်၊ဗဟန်း(၁)လမ်းရှိ ဇင်းကျိုက်
မွန်ကျောင်းကိစ္စများကို အလုပ်အမှုဆောင်အဖွဲ့ဆုံဖြတ်ချက်ဖြင့်ပါဝင်ကူညီရန်၊

ရံပုံငွေအခြေအနေအရ

(က) အကြောင်းအမျိုးမျိုးကြောင့် ခြေကျိုး၊လက်ကျိုး နှင့် အခြားသော ထိခိုက်ဒါဏ်ရာရခြင်းများ ဆေးရုံသို့ ရက် ရှည်ကုသရသောရောဂါနှင့် ခွဲစိတ်ရောဂါဝေဒနာတို့အတွက် ထောက်ပံ့ပေးရေးကိစ္စ ကို အလုပ်အမှုဆောင်အဖွဲ့ မှ စီမံဆောင်ရွက်ပေးမည်ဖြစ်သည်။
(ခ) ဇင်းကျိုက်မြို့မှ စင်္ကာပူနိုင်ငံ၌ပညာသင်ကြားနေသော ကျောင်းသား/သူ များ ပညာသင်ထောက်ပံ့ကြေး တောင်းခံလာပါက အလုပ်အမှုဆောင်အဖွဲ့မှ သင့်လျော်သောငွေကြေးမာဏတစ်ခုကို ကူညီပေးရမည်၊

အသင်းသားအဖြစ်ပါဝင်ခွင့်

(က) သတ်မှတ်ထားသော အသင်းဝင်ကြေးပေး၍ မည်သူမဆို အသင်းသားအဖြစ်ပါဝင်ခွင့်ရှိသည်၊
(ခ) အကြောင်းအမျိုးမျိုးကြောင့် (၃)လ ထက်ကျော်၍ အသင်းဝင်ကြေးပေးရန်ပျက်ကွက်သူများကိ အသင်းဝင် အဖြစ်မှ စဉ်းစားမည်မဟုတ်ပါ (မှတ်ချက်-- စင်္ကာပူနိုင်ငံတွင် ရှိနေစဉ်အတွင်း)
(ဂ) အသင်းနှင့် (၃)လ အတွင်း ကင်းကွာနေသူများ မြန်မာပြည်တွင်ရှိစေကာမူ နာရေးကိစ္စပေါ်ပေါက်လာပါက ၄င်းအား အသင်းသားတစ်ဦးရရှိနိုင်မည့် အခွင့်အရေးအတိုင်း အပြည့်အ၀ခံစားခွင့်ရှိသည်။
(ဃ) အသင်းသို့ (၃) လနှင့် အထက် လစဉ်ကြေးပေးသွင်းရန်ကင်းကွာခဲ့သော အသင်းသာတစ်ဦးအနေဖြင့် အ သင်းသို့ ပြန်လည်ဝင်ရောက်လိုပါက အသင်းသို့ဆက်သွယ်ရန်ပျက်ကွက်ခဲ့မှုအတွက် လစဉ်ကြေး (၃)လစာကို ပေးသွင်း၍ ပြန်လည်ဝင်ရောက်ခွင့်ရှိသည်၊ (မှတ်ချက်-- စင်္ကာပူနိုင်ငံတွင် ရှိနေစဉ်အတွင်း)
(င) လူဟောင်းများပြန်လည်ရောက်ရှိလာပါက လစဉ်ကြေးတစ်လ ကင်းလွတ်ခွင့်ရှိသည်၊
(စ) လူသစ်များအနေဖြင့် ရောက်ရှိသည့်နေ့မှ (၃) လအထိ လစဉ်ကြေးကင်းလွတ်ခွင့်ရှိသည်၊

နိဂုံး

ဤအသင်းသည် လူမှုဝန်ထမ်းလုပ်ငန်းတစ်ခုဖြစ်သည်နှင့်အညီ လုပ်ငန်းအပေါ် လူတို့၏ထင်မြင်ယူဆမှု သဘောထားအမျိုးမျိုးရှိမည်သာဖြစ်ပါသည်။ မည်သို့ပင်ထင်မြင်ယူဆသဘောထားကြသည်ဖြစ်စေ အခက်အခဲ အကြပ်အတည်းကြုံနေသူတို့အား သန့်ရှင်းသောစေတနာဖြင့် အတက်နိုင်ဆုံးဖြည့်ဆည်း ကူညီပေးရန်နှင့် မိမိ တို့၏ မွေးရပ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် တတက်တအား ပါဝင်ပြီး အသင်းကြီး အရှည်သဖြင့် တည်တံ့ခိုင်မြဲ နေအောင် လက်တွဲညီညီ ကြိုးပမ်းဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။